Monday, March 6, 2017

0

1 Day Activities in Mandalay


2013-Dec-21, မနက်စာ တိုဟူးနွေး အိမ်မှာချက်စားတယ်။ ခေါ်ပုတ်တွေ လဲ ၀ယ်ထားတာရှိတော့ တိုဟူးနွေးနဲ. ခေါပုတ်နဲ. တွဲပြီးစားမယ်။ တိုဟူးနွေး ကြိုတဲ့သူ က ကြို။ ခေါ်ပုတ်ဖုတ်တဲ့ သူကဖုတ် နဲ. အလုပ်ကိုရူပ်လို.။





တိုဟူးနွေးနဲ. တွဲမစားဖြစ်ရင် ခေါ်ပုတ်ကို ပဲငပိနဲ. ဖြစ်ဖြစ်၊ ဆီတိုဟူး နဲ. ဖြစ်ဖြစ် တို.စားလို.ကောင်းတယ်။




တိုဟူးနွေး ကြိုရတာ တော်တော်အလုပ်ရူပ်တယ်။ 1 Direction ကိုပဲ မွေရတယ်လို.တော့ မှတ်မိသေးတယ်။ ဟိုဘက်ဒီဘက် မွှေရင် မကောင်းဘူး ဆိုပဲ။ အရည်ကျဲတာ ထည့်လိုက်၊ ပဲအနည်ထိုင်တဲ့ အရည်ထည့်လိုက် နဲ. စိတ်တိုင်းကျတဲ့ အထိ ထည့်ပြီး တောက်လျှောက်မွေ ပေးရပါတယ်။  အိမ်မှာလုပ်တာဆိုတော့ ဆိုင် တိုဟူးနွေးလောက်တော့ စားလို.မကောင်းဘူး။






တိုဟူးနွေးကို ခေါက်ဆွဲနဲ. တွဲစားမည့်အစား။ ဖုတ်ထားတဲ့ ခေါပုတ် ကို သေးသေးလေး လှီးပြီး ခေါက်ဆွဲနေရာမှာ အစားထိုးပြီး စားပါတယ်။ ကျွန်တော်ကတော့ စားရတာ နည်နည်းမာလို. မကြိုက်ဘူး။ ခေါက်ဆွဲ နဲ. စားရတာပဲ ပိုအရသာရှိတယ်။




မနက်စာ တိုဟူးနွေးစားပြီးတော့ ပူပူနွေးနွေး ပြုတ်ထားတဲ့ မြေပဲ ပြုတ် ထပ်စားတယ်။






ဒါကတော့ အိမ်ကိုအလည်လာတဲ့ အိမ်နီးချင်း ကလေးတွေနဲ. သူတို. အဖွားပါ။ အခု အဲ့ဒီကလေးတွေ တောင် အပျို ဖြစ်နေပြီ။ :)




နေ.ခင်းဘက် အားလို. ဈေးချိုဘက် ခဏ ရောက်သွားတယ်။ ဈေးချိုက ထုံးစံ အတိုင်း စည်ကားတယ်။ အဲ့ဒီတုန်းက ဓါတ်ပုံ သိပ်မရိုက်ခဲ့ဘူး။ အခုနောက်ပိုင်းမှသာ ဈေးထဲသွားရင် ဓါတ်ပုံတွေ အများကြီး ရိုက်ဖြစ်တာ။ အဲ့တုန်းက လူစည်ကားတဲ့ နေရာဆိုရင် ဓါတ်ပုံ ရိုက်ရတာ နည်းနည်းရှက်သေးတယ်။ :)



 အခုမှ သေချာကြည့်မိတယ်။ တစ်ယောက်က မျက်နှာကို လက်နဲ. အုပ်လို. ၊ တယောက်က အံကြိတ်လို.။ ဓါတ်ပုံ ရိုက်ခံရတာ တော်တော်သဘောကျပုံပဲ။း)


ဆောင်းတွင်း ဆိုတော့ အနွေးထည်တွေ ရောင်းနေတာလေ။ 


ခေါပုတ်တွေ ၊ ကောက်ညင်းကျည်တောက်တွေ လဲ ၀ယ်ခဲ့သေးတယ်။ 







ဒါကတော့ မန္တလေးရဲ. အမြင့်ဆုံး တိုက်ဖြစ်တဲ့ မန်း မြန်မာ ဈေးချို ပလာဇာပါ။ ဟိုတလောက ငလျှင်လုပ်တုန်းက အက်သွားတယ်ဆိုလား။








ဒါကြောင်မကြီးက အသက် ၁၇ နှစ်လောက်ရှိပြီ။ ဆိုင်မှာကပ်ပြီးနေတာ။ မြန်မာပြည် ပြန်တိုင်း နောက်တခါပြန်လာရင် သေလောက်ပြီဆိုပြီး၊ အမှတ်တရ ဖြစ်အောင် ဓါတ်ပုံတွေ ရိုက်ရိုက်ပေးတာ။ ပြန်လာတိုင်း ဒေါင်ဒေါင်မြည်ပဲ၊ ကလေးတွေတောင် တောက်လျှောက်မွေးလိုက်သေးတယ်။ အခု ၂၀၁၇ မြန်မာပြည် ပြန်တုန်းကလည်း ရှိသေးတယ်။ ကလေး ၃ ယောက်တောင်ထပ်မွေးတာ ၁ကောင်ပဲ အသက်ရှင်တယ်။  ကြောင်မကြီး အသက်ပြင်းတယ်။ ရက်ကွက်ထဲက ကိုယ်နဲ. သိတဲ့ သူတွေသာ သေကုန်တာ။း)


အခုပုံထဲက ကလေးလေးက ၂၀၁၃ ပြန်တုန်းက တွေ.ခဲ့တဲ့ ကလေးလေးပါ။ အရမ်းချစ်စရာကောင်းပြီး အရမ်းဆော့ပါတယ်။ ဒီကလေးလေးလဲ မကြာပါဘူး ပျောက်သွားပြီး ပြန်မတွေ.တော့ဘူး။ သူတို.တွေက ဆိုင်မှာနေတယ်။ ညဆိုင်ပိတ်ရင်လဲ ဆိုင်မှာ ပဲ နေခဲ့တာဆိုတော့၊ ညတွေ လျှောက်လျှောက်သွားပြီး ပျောက်သွားတာ ဖြစ်မယ်။ အမေကြီးကတော့ ပျောက်သွားလဲ အလွန်ဆုံး သုံးလေး ရက်ပဲ။


ကြောင်လေးတွေ နဲ. ခဏဆော့ပြီး။ နေ.လည်စာ ၈၂ လမ်း၊ ၃၂ x၃၃ လမ်းနားက စားနေကျ အာပူနဲ. အသုတ်စုံ ဆိုင်မှာ နေ.လည်စာ ၀င်စားတယ်။ အဲ့ ဆိုင်က အစားအစာတွေက တပွဲတပွဲ အရမ်းနည်းလို. ၂ပွဲ ၊ ၃ပွဲ လောက်စားမှ အဆာပြေတယ်။





နေ.လည်စာ စားပြီး အိမ်ပြန်နားလိုက်တယ်။ ညနေမှောင်တော့ အိမ်မှာ နေရတာ ပျင်းတာနဲ. Diamond Plaza မှာ ရုပ်ရှင်ကြည့်ဖို. ထွက်လာခဲ့တယ်။ ၃၅ လမ်းမပေါ်မှာ မြန်မာအမျိုးသမီး ဘောလုံး အဖွဲ.တွေ ချီတက်လာတာနဲ. သွားတွေ.တယ်။  အဲ့တုန်းက မြန်မာပြည်မှာ Sea Games လုပ်တဲ့ နှစ်လေ။ မြန်မာအမျိုးသမီး ဘောလုံးအသင်း က တတိယရတယ်ထင်တယ်။ ဘောလုံးသမား သန်းသန်းထွေး ဆိုတာ နာမည်ကြီးပြီး ယိုစုံတွေ တောင် သူ.နာမည်နဲ. ထုတ်လိုက်သေးတယ်။ ပထမဆုများရရင် မင်းသမီးတွေတောင် ဖြစ်သွားဦးမယ်။း)









Diamond Plaza မှာ ရုပ်ရှင်ကြည့်ရတာ အရမ်းသဘောကျတယ်။ မြန်မာပြည် ပြန်တိုင်း တန်လို. ရုပ်ရှင် အမြဲကြည့်တယ်။  အဲ့တုန်းက ကြည့်တာက The Hobbit ရုပ်ရှင်ပါ၊ ရုပ်ရှင်က ကိုယ်ကြိုက်တဲ့ ဇာတ်ကားမျိုး မဟုတ်ဘူး။ ကလေးကြိုက်ကားမျိုး။ မကြိုက်လို. လားမသိဘူး၊ ရုပ်ရှင်က တော်တော်နဲ. မပြီးနိုင်ဘူး။ ညောင်းနေအောင် ထိုင်ပြီး ကြည့်လိုက်ရတယ်။


နောက်ပို.စ် မှာ ပုဂံ သွားမယ်နော်။ 


No comments:

Post a Comment

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis