Monday, March 13, 2017

3

Bagan Trip (2013-Dec) #1


2013-Dec-22, မနက်စာ ကို မန္တလေး က  "ရိုးကောင်း" ခုနှစ်လွာပေါက်စီ စားတယ်။ ဆိုင်လိပ်စာ က ၇၄လမ်း၊ ၃၃x၃၂ လမ်းလောက် ကျမယ်ထင်တယ်။  အဲဆိုင်က ပေါက်စီ က မနက် ၈နာရီလောက်ဆို ကုန်ပြီ။ ဒီလို ခုနှစ်လွှာ ပေါက်စီမျိုး တခြား နိုင်ငံမှာ ရှိလားတော့မသိဘူး။ အခုထိတော့ မန္တလေး ပြန်ရောက်မှပဲ စားရတယ်။  ပြီးတော့ အိမ်ရှေ.က ခေါင်းရွက်ရောင်းတဲ့ မုန်.လုံးရေပေါ်နဲ. အချိုတည်လိုက်တယ်။ အဲဒီအချိန်က မန္တလေးမှာ ပန်းလိမ္မော်တွေ အရမ်းပေါတယ်။ လိမ္မော်သီးက တော်တော်ကို ချိုတာ။ အခွံကလဲ ပါးပါးလေးရယ်။








ဒါကတော့ မန္တလေးမြို. ည မိုးချုပ်ထိရောင်းတဲ့ မော်ကျွန်းမုန်.ဟင်းခါး ပါ။  တော်တော်လေးစားလို.ကောင်းပါတယ်။ အဲ့ဒီတုန်းကတော့ မော်ကျွန်းမုန်.ဟင်းခါး ဆိုင်က လမ်း ၈၀၊ မောင်ကိန်း ရွေဆိုင် နားလောက်မှာ ရောင်းတာပါ။ အခုတော့ အဲ့နေရာမှာ ရှိသေးလား မသိဘူး။


 2013-Dec-23, တူမလေး ၁နှစ်နဲ. ၂လ သမီးလေးပဲ ရှိသေးတယ်။ သူလေးကို မနက်ဖြန် ပုဂံခေါ်သွားမှာလေ။ မန္တလေးမှာ အခု ဆောင်းတွင်း အေးလာပြီးမို. ညကျရင် သူ.အတွက် ဆောင်းတွင်း အ၀တ်အစားတွေ သွားဝယ်ရဦးမယ်။


နိုင်လွန် က ဖာလူဒါ

ဈေးချိုညဈေး စာအုပ်ဆိုင်တွေ စခင်းနေပြီ။ စေျးချိုညဈေးက အရင်လို သိပ်မစည်တော့ဘူး။ 



ညစာ အိမ်မှာ ယူနန်ဟော့ပေါ့လုပ်စား။


မန္တလေးက နွေရာသီ မှာ သေအောင်ပူသလို။ ဆောင်းတွင်းမှာလဲ တော်တော်အေးပါတယ်။ ညနဲ. မနက်နဲ. တော်တော်အေးအေးတယ်၊ ဒါပေမယ့် နေခင်းပိုင်းကျတော့ ပြန်ပြီးပူတယ်။  အခုလဲ ဆောင်းတွင်းရောက်ပြီမို. လမ်း ၈၀၊ အရင် တရုတ်တန်းဈေး ဟောင်းနားမှာ တရုတ်ဆိုင်တွေက ၊ ဆောင်းတွင်း အသုံးအဆောင်ပစ္စည်းတွေ ကို ညဈေးလို လုပ်ပြီးရောင်းကျတယ်။ အဓိကကတော့ အနွေးထည်၊ ဦးထုတ် နဲ. စောင်တွေ ရောင်းတာပါ။ ဈေးဝယ်တဲ့သူတွေ များလို. လမ်း ၈၀ လမ်းမကြီးတောင် တော်တော် ပိတ်သွားတယ်။  တူမလေး အတွက် ဆောင်းတွင်း ဦးထုတ်လေး ပဲ ၀ယ်လာခဲ့တယ်။





ဒါကတော့  လမ်း၈၀၊ မောင်ကိန်းရွေဆိုင် နားက မော်ကျွန်း မုန်.ဟင်းခါး ဆိုင်ပါ။ 


2013-Dec-24, ပုဂံ (Bagan) မသွားခင် မန္တလေး မှာ မနက်စာ သျှမ်းသျှမ်း ရှမ်းခေါက်ဆွဲဆိုင်မှာ ၀င်စားခဲ့တယ်။ သျှမ်းသျှမ်းဆိုင် လိပ်စာ က ၃၅x၃၄ လမ်း၊ ၇၁x ၇၂ လမ်း လောက်မှာ ရှိပါတယ်။ တိုးဟူးနွေး၊ အမဲလုံးခေါက်ဆွဲ ကောင်းသလို၊ တခြား ရှမ်းအစားအသောက်တွေ တော်တော်စုံပါတယ်။





မနက်စာစားပြီး ပုဂံကို တန်းသွားပါပြီ။ မန္တလေးကနေ ပုဂံကို ကားမောင်းသွားရင် ၅ နာရီလောက် ကြာပါတယ်။ မနက်စာစားပြီး မန္တလေးက ထွက်လာတော့၊ ပုဂံကို နေ.လည်စာ စားချိန်ရောက်တာပေါ့။







ဒါကတော့ လမ်းမှာ ကျန်းမာရေး (ခြုံတိုးရင်း)  တွေ.လို. ရိုက်လာတဲ့ ပုံလေးတွေပါ။း)




မြင်းခြံရောက်ပြီ။ 






ပုဂံရောက်တော့ တော်တော်လေး ဗိုက်ဆာနေပြီ၊ ဒါနဲ. မြန်မာဘူဖေးဆိုင် လိုက်ရှာရင်း "Nu War Burmese Buffet Restaurant"/ နုဝါ မြန်မာ ဘူဖေး ဆိုင်ကိုရောက်သွားတယ်။ တစ်ယောက်ကို အ၀စား ၂၅၀၀ ကျပ်ထင်တယ်။ ဗိုက်အရမ်းဆာလို.လား မသိဘူး၊ တော်တော်ကိုစားလို.ကောင်းတယ်။ ဟင်းတွေကလဲ အကုန်လုံး စားလို.ဖြစ်တယ်။ စားပြီး သောက်ပြီးမှပဲ ဟိုတယ် လိုက်ရှာတော့မယ်။ ဟိုတယ်ကို ကြိုတင် booking လုပ်မထားခဲ့ဘူး။ နုဝါ ထမင်းဆိုင်က အဲ့ဒီတုန်းက ဘုန်းကြီးကျောင်းဝန်းထဲမှာ ဖွင့်ထားတာပါ။ အခုတော့ နေရာပြောင်းသွားပြီ။ သူ.ဆိုင်လေးနဲ. သူဖြစ်နေပြီ။ ၂၀၁၄ ဒီဇင်ဘာမှာ နောက်ထပ် တခါထပ်သွားလို. သိတာ။ ၂၀၁၄ ဒီဇင်ဘာမှာ သွားစားတော့ တစ်ယောက်ကို ၃၀၀၀ ကျပ်ဖြစ်သွားပြီ။








ဘူဖေး စားပြီးတော့ အချိုပွဲ လက်ဖက်၊ဂျင်းသုတ် ၊ လိမ္မော်သီးနဲ. ထန်းလျှက် တွေ ချပေးပါတယ်။ စားသောက်ပြီး လူကလေးလာပြီး အိပ်ချင်လာပြီ။ လူပ်တောင်မလူပ်ချင်တော့ဘူး။  ဟိုတယ်က ရှာရဦးမယ်၊ ပြီးရင် ညနေပိုင်း နေ.တစ်ဝက်ဘုရားဖူး လို.ရသေးတယ်လေ။



3 comments:

  1. တော်တော်စုံတာပဲ

    ReplyDelete
  2. တော်တော်စုံတာပဲ

    ReplyDelete
  3. missed Mandalay food

    ReplyDelete

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis