Wednesday, March 29, 2017

0

Bagan Trip (2013-Dec) #2


2013-Dec-24,  န၀ါ မြန်မာဘူဖေး ဆိုင်မှာ နေ.လည်စာစားပြီး တည်းဖို. ဟိုတယ်ရှာရပါတယ်။ Christmas Holiday ကာလမို. ပုဂံမှာ ဧည့်သည်တွေ များတယ်၊ ဟိုတယ်တွေ တော်တော်များများက ပြည့်နေပြီ။ ဟိုတယ် ၄၊ ၅ ခုလောက် မေးကြည့်တယ်။ တချို.ဟိုတယ်တွေက ဈေး မတန်မဆ တွေ တောင်းတယ်။ ကိုယ်တိုင်ကလည်း Budget ဟိုတယ်ပဲ ရှာတာဆိုတော့၊ နောက်ဆုံးမှာ ညောင်ဦးဈေးနဲ. သိပ်မဝေး တဲ့ Shwe Na Di Guesthouse မှာ တည်းဖြစ်သွားတယ်။ အဲ့ဒီမှာ အခန်း ၂မျိုး ရှိတယ်။ ဈေးပေါတဲ့ အခန်း (ရေချိုးခန်း၊ အိမ်သာ အပြင်မှာ စုသုံး) အဲ့ယားကွန်းမပါ ၊ ဈေးနည်းနည်းများတဲ့ (ရေချိုးခန်း၊ အိမ်သာ တွဲရပ် ပါ)  အဲယားကွန်းပါ  ဆိုပြီးရှိတယ်။ ဈေးမဆိုတာနဲ. အဲယားကွန်း အခန်းပဲ ယူလိုက်တယ်။




ဟိုတယ်မှာ အထုတ်အပိုးတွေချပြီး ဟိုတယ်က ပဲ စက်ဘီးငှားပြီး (၁၅၀၀ ကျပ်) ညနေခင်း Sunset ကြည့်ဖို. ထွက်လာခဲ့တယ်။ Sunset ကို Shwe San Daw Pagoda မှာ ကြည့်ဖို. အဲ့ဒီကို ဦးတည်ပြီးသွားတယ်။ ဒါပေမယ့် နေ၀င်ချိန်က စောသေးလို. လမ်းတလျှောက် တွေ.တဲ့ ဘုရားတွေကို ၀င်ပြီး ဓါတ်ပုံရိုက်ခဲ့တယ်။ တချို. ဘုရားတွေဆို (လူတွေ သိပ်ပြီးမသိတဲ့ဘုရား) အထဲမှာ နံရံဆေးရေး ပန်းချီတွေ အများကြီး ကျန်သေးတယ်။ တစ်ယောက်ယောက်ကများ လက်ကမြင်းပြီး  စာတွေ လျောက်ေ၇းသွားလဲ ဘယ်သူမှ သိမှာ မဟုတ်ဘူး။









ဒါကတော့ Shwe San Daw Pagoda ပါ။ အရင်က ပုဂံကို ခဏခဏ ရောက်ဖူးသော်လည်း ဒီဘုရားကို တခါမှ မရောက်ဖြစ်ဘူး။ အခု တခါလာဖြစ်တာက Google မှာ Sunset ကြည့်လို. ကောင်းတဲ့ နေရာကို ရှာကြည့်တော့ ဒီဘုရားမှာ ကောင်းတယ်ဆိုလို. ရောက်လာဖြစ်တာ။ ကိုယ်တွေလိုပဲ Sunset ကြည့်ဖို. ရောက်နေတဲ့ သူတွေကကြိုတောင် ရောက်နှင့်နေပြီ။ ဓါတ်ပုံ ရိုက်မှာ ဆိုတော့ နေရာကောင်း ရအောင် တခြား ဘုရားတွေ သွားမနေတော့ပဲ  Shwe San Daw ဘုရားပေါ်ကိုပဲ အမြန်သွားခဲ့တယ်။


ဘုရားပေါ်တက်တဲ့ လှေကားက တော်တော်လေးမတ်စောက်တယ်။ တော်တော်လေးလဲ မြင့်တယ်။ လူတွေက အများကြီးဆိုတော့ လက်တန်းကို ကိုင်ပြီး သေသေချာချာတက်ရတယ်။ တချို.လဲ အပေါ်ဆုံးထိမတက်ပဲ ၊ အလယ်လောက်မှာပဲ Sunset ကြည့်ဖို. စောင့်နေကြတယ်။ အပေါ်ဆုံးမှာတော့ လူပိုများသလို၊ View လဲ ပိုကောင်းတာပေါ့။



Shwe San Daw ဘုရားက တော်တော်လေးမြင့်တော့ ပုဂံဘုရားတော်တော်များများကို လှမ်းမြင် နိုင်တယ်။ ဓမ္မံရံကြီး ဘုရား (Dhamanyangyi Pagoda)  နဲ. စူဌာမုနိ ဘုရား  (Sulamani Pagoda) ကို လှမ်းမြင်ရတဲ့ View က တော်တော်လေး မိုက်တယ်။




 
နေ၀င်တော့မယ်ဆိုတော့ ကောင်းကင်က ရွေရောင်သန်းလာပြီ။ တချို.အလာနောက်ကျတဲ့သူတွေလဲ အပြေးအလွား လာနေကြပြီ။ Tourist ကားတွေ ဘုရား အောက်မှာ အပြည့်ပဲ။




ကိုယ်တွေလို Shwe San Daw ဘုရားမှာ လူတရုန်းရုန်းနဲ. Sunset မကြည့်ချင်တဲ့သူတွေကတော့ တခြား အနီးအနားက  ဘုရားတွေပေါ်မှာ တက်ပြီး ကြည့်နေကျတာ တွေ.ရတယ်။ ကိုယ်တွေကတော့ သူတို.ထက် ပိုမြင့်တော့  View ပိုကောင်းတာပေါ့။



နေလုံးကြီး ပေါ်လာတော့ ဓါတ်ပုံ ရိုက်တဲ့လူတွေ အလုပ်တွေကို ရူပ်ကုန်ရော။ Bagan Sunset နဲ. Sunrise ဆိုတာက တော်တော်နာမည်ကြီးတယ်။ အထူးသဖြင့် ဓါတ်ပုံရိုတ်တဲ့ Tourist တွေ အကြား ရေပန်းစားတဲ့ နေရာတခုဆိုလဲ မမှားဘူး။

နေ၀င်တာက အရမ်းမြန်တယ်၊ အားလုံး ဓါတ်ပုံကောင်းရဖို. အစွမ်းကုန်ကြိုးပမ်းနေကြတယ်။ ဒါကလဲ ကျွန်တော့အတွက် ပထမဆုံး Bagan မှာ Sunset ရိုက်တာဆိုတော့ တော်တော်လေးကို ကြိုးစားပြီး ရိုက်ခဲ့တယ်။ ရခဲ့တဲ့ ပုံတွေကိုလဲ အားရတယ်။ ဓါတ်ပုံပဲ အသည်းအသန်ရိုက်နေလို. Sunset ကို တောင် ကောင်းကောင်း မခံစားလိုက်ရသလိုပဲ။ ဒါပေမယ့် အခုလို ဓါတ်ပုံတွေ ပြန်ကြည့်ရတော့လဲ တန်ပါတယ်လေ။

နေ၀င်သွားတော့ အောက်မဆင်းခင် ဓမ္မရံကြီး ဘု၇ား (Dhamanyangyi Pagoda) ဘက်ကို  ဓါတ်ပုံ ထပ်ရိုက်ခဲ့သေးတယ်။ ဆောင်းရာသီ ဆိုတော့ မြူတွေ တောင်ဆိုင်းလာပြီ။


ဒါက တူမလေး နဲ. Shwe San Daw ဘုရားပေါ်မှာ အမှတ်တရ။ 


Shwe San Daw ဘု၇ားအောက်မှာ ဆိုင်တွေ ပေါတယ်။ လူပေါတယ်။ ဒီတော့ အမိုက်ပေါတာ အဆန်းတော့ မဟုတ်ဘူး။ ဒါပေမယ့် Bagan လို. Tourist attraction နေရာလိုမျိုးမှာ အမိုက်တွေ ပွနေတာကတော့ တော်တော်ရုပ်ဆိုးတယ်။ ဈေးရောင်းတဲ့ သူတွေကော၊ လာလည်တဲ့ သူတွေ အမိုက်ကို စနစ်တကျ ပစ်စေချင်တယ်။ အခုတော့ ပလစ်စတစ်အိတ်တွေ ပွလို.၊ လေတိုက်ရင်လဲ ကြွက်ကြွက်အိပ်တွေ လေထဲမှာတောင် ၀ဲလို. တော်တော်ကိုရုပ်ဆိုးတယ်။ ကိုယ်က ဓါတ်ပုံရိုက်တဲ့ သူဆိုတော့ အမိုက်တွေကို ပိုသတိထားမိတယ်။ အပေါ်က ပုံက Photoshop နဲ. အမိုက်ရှင်းထားတာ။ အောက်ကပုံကတော့ Original ပါ။


Sunset Color တွေ ပြောင်းသွားတာ အရမ်းလှတယ်။ အ၀ါရောင် ကနေ ပန်းနုရောင်၊ နောက်ဆုံးနေ၀င်သွားတော့ ခရမ်းရောင်။ ဓါတ်ပုံရိုက်လို.ကို မ၀ နိုင်ဘူး။






Sunset ကြည့်ပြီး။ ညစာ ကို လမ်းကြုံတဲ့ နောက်ထပ် မြန်မာဘူဖေး ဆိုင်မှာ စားတယ်။ ဆိုင်နာမည်က ကန်တော်ကြီး။ နေ.လည်ကလည်း မြန်မာဘူဖေး စားထားတယ်။ အခုလဲ ထပ်စားတော့ တော်တော်လေး အီသွားတယ်။ ဟင်းတွေကတော့ စုံပါတယ်။






မနက်ဖြန် မနက် Shwe San Daw ဘုရားမှာ အစောကြီး Sunrise လာကြည့်ဦးမယ်။ မီးပုံးပျံတွေလည်း တွေ.ရမယ်လေ။


No comments:

Post a Comment

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis