2017-Apr-06
ကဓါတ်ပုံရိုက်ထားတာ, Canada နိုင်ငံ Vancouver မြို. မှာ Sakura နဲ.
Daffodil ပန်း တွေ ပွင့်နေပြီ။ Cherry နဲ. Tulip တွေကတော့ သိပ်
မပွင့်သေးဘူး။ ပွင့်တဲ့ နေရာမှာလဲ ပွင့်နေပြီ။ မနှစ်ကလို ညီညီညာညာ
မပွင့်ကြဘူး။ ဘာလို.လဲဆိုတော့ ဒီနှစ်က စံချိန်တင်လောက်အောင် မိုးများပြီး၊
ရာသီဥတုက အရမ်းအေးလို.ပါ။ ဆောင်းတွင်းတုန်းကလဲ နှင်းတွေ
တော်တော်ကျခဲ့တယ်။ နွေဦးဝင်တာလဲ နောက်ကျတယ်။ အခုနွေဦးလို.သာ ပြောတယ်
တော်တော်လေးကို ချမ်းတုန်းပဲ။ Temperature က ၁၀ ဒီဂရီ စင်တီဂရိတ်အောက်မှာ
ပဲရှိတယ်။ မိုးများပြီး ၊ နေသာတဲ့ ရက် နည်းတော့ ပန်းတွေ ပွင့်တာ
နောက်ကျတယ်။ နောက်ပြီး မိုးရေကြောင့် တချို. အပင်တွေဆို အဖူးမှာတင်
မိုးရေကြောင့် နွမ်းပြီး ကြွေကုန်တယ်။
ဘက်စ်ကားပေါ်ကနေလှမ်းတွေ.လို.
ဆင်းပြီး ဓါတ်ပုံရိုက်ခဲ့တယ်။ တလမ်းလုံး Sakura ပန်းတွေပွင့်လို။
မြေကြီးပေါ်မှာတော့ Daffodil နဲ. Tulip တွေ အစုလိုက်အစုလိုက် ပွင့်နေတယ်။
Tulip ကိုတော့ နောက်မှ သီးသန်. ဓါတ်ပုံထွက်ရိုက်မယ်။
Sakura
အနီးကပ်။ မြန်မာလို. မက်မွန်ပန်းလို. ခေါ်တယ်ထင်တယ်။ အစက သူ.ကို.
ချယ်ရီပန်း နဲ. ရောနေတာ။ ကျွန်တော်အမြင်မှာတော့ ချယ်ရီပန်းရဲ. ပွင့်ဖတ်က
အဖတ်လိုက် အဖတ်လိုက် နဲ. ပိုပြီးလှတယ်။
ဒီပုံတွေ
တင်နေတုန်း မြန်မာပြည်က ပိတောက်ပန်းတွေ ပွင့်လို. လူတွေ တက်ခူးနေတဲ့
ပုံတွေ fb ထဲမှာ တွေ.တော့ နည်းနည်းလောက် ပြောချင်တယ်။
ပန်းတွေအားကြီးပွင့်လို. တက်ခူးတာ တစ်ကိုယ်ကောင်းဆန်တဲ့ လုပ်ရပ်လို.
ထင်တယ်။ သူ.ဖာသူ ဘုရားပန်းတင်ဖို.ပဲ ဖြစ်ဖြစ်၊ သူများကို လက်ဆောင်ပေးဖို.ပဲ
ဖြစ်ဖြစ်။ ကိုယ်က ခူးလိုက်ရင် နောက်လူတွေ ဒီလိုပန်းပွင့်တာကို
ဘယ်မြင်ရတော့မလဲ။
လွန်ခဲ့တဲ့
၃နှစ်လောက်က ပြင်ဦးလွင် ကန်တော်ကြီး ပန်းပြပွဲမှာ ရှားရှားပါးပါး Sakura
အပင် ၂ပင်လောက်တွေ.ခဲ့တယ်။ ပွင့်တာမှ အခုလို အားရပါးရပဲ။ ဒီတော့ ခူးချင်တဲ့
လူတွေ ၀ိုင်းလို.ပေါ့။ ဒီတော့ သစ်ပင်အောက်မှာ လုံခြုံရေး အမျိုးတစ်ယောက်
စောင့်နေရတယ်။ သူ.အလုပ်က ပန်းခူးတာ တွေ.ရင် ၀ဇီနဲ. မူတ်ပြီး
မောင်းထုတ်ရတာပေါ့။ ဒါကို လူတွေက မျက်ကွယ်ရာမှာ ရရင်ရသောက် ခူးကြသေးတာ။
ပြီးတော့ အဲ့လူကို ပြန်တောင်ရန်တွေ.လိုက်သေးတယ်
"သူပိုင်တာကျလို.။ ဒီလောက်ပွင့်နေတာ၊ ဒီလောက်လေးခူးတာ ဘာဖြစ်တာလိုက်လို."
စသဖြင့် ပြန်ရန်တွေ.ကျသေးတယ်။ သူ.အလုပ်ကလဲ လူမုန်းခံရတဲ့ အလုပ်ကိုး။
 |
ဒါကတော့ ပန်းမပွင့်ပေးမယ်။ သစ်ကိုင်းလေးတွေ လှလို.။ |
Daffodil
မှာလဲ အရောင်စုံ၊ ဆိုက်ဒ် စုံ ရှိသေးတယ်။ ဒါကတော့ အပွင့်ကြီး အ၀ါရောင်နဲ.
လိမ္မော်ရောင် အစပ်ပေါ့။ တခြား အဖြူသီးသန်.။ အ၀ါသီးသန်. အပင်တွေလဲ
ရှိသေးတယ်။ အဖြူ နဲ. လိမ္မော် စပ်ကြားလေးက ပိုလှသလားလို.။ အပွင့်သေးတဲ့
အပင်တွေလဲ ရှိသေးတယ်။ အပွင့်သေးတာလေးတွေ က ချစ်စရာလေးတွေ။
ဒါကတော့
နှင်းဆီပန်းလိုပုံစံ ပန်းပါ။ တခြားရောင်တွေလဲရှိတယ်။ တပင်လုံး အပွင့်တွေ
အများကြီးပဲ။ ပန်းတွေကြွေရင် တစ်လမ်းလုံး ရဲရဲတောက်။
 |
ဒါကနေ Daffodil အဖြူ နဲ. လိမ္မော် စပ်ကြားလေး။ |
အိမ်ရှေ.လမ်းက တလမ်းလုံး ချယ်ရီပင်တွေ စိုက်ထားတာ။ အဖူးတွေ အများကြီးထွက်နေပြီ။ နောက် ၃ ၊ ၄ ရက်လောက်နေရင် တလမ်းလုံး ပွင့်ပြီ။း)
ချယ်ရီအဖူး တွေ။ အရမ်းကို ပွင့်ချင်နေပြီ။
Thanks for your share.
ReplyDelete